စာရေး စာဖတ်လို့ မကောင်းဘူး။ အမြင် မကြည်လင်ဘူး။ မှုန်ဝါးဝါး ဖြစ်နေတယ်။ လက်ရှိ စာကြည့် မျက်မှန်က မဖြစ်စလောက် ဒီဂရီ နည်းနည်းလေးနဲ့ ဆယ်နှစ်နီးပါး အသုံးတော်ခံနေတာ။ မျက်မှန် အသစ် လုပ်ဘို့ အချိန် ရောက်လာပြီ ထင်ပါရဲ့။
အိမ်နားက Shopping Mall မှာ ဆိုင်တွေ အတော်များများ စုံစမ်းပြီး သကာလ Better Vision မှာပဲ မျက်မှန် အပ်လိုက်တယ်။ အရောင်း မန်နေဂျာကလည်း အပြော ကောင်းလွန်းတာကိုး။
မျက်စိကို စစ်လိုက်တော့ ဒီဂရီတွေလည်း တိုး ... အနီးကြည့်၊ အဝေးကြည့် နှစ်မျိုး စလုံး လိုအပ်နေပါသတဲ့။ မှန်တခုထဲမှာပဲ အနီး အဝေး ပေါင်းထားတဲ့ Progressive lens လုပ်ပါတဲ့လေ။
ဈေးများလွန်းလို့ ဝေခွဲမရ ဖြစ်နေတုန်း Calculator ကို ဟိုနှိပ် ဒီနှိပ်ပြီး ဈေးနဲနဲ ထပ်လျှော့ ပါလေရော။ ပြောလိုက်သေးတယ် ....
"I give you children price. Not because of your age. It’s because of your look."
ကဲ ... အမြှေက် မကြိုက်တဲ့ မိန်းမ ဒီကမ္ဘာပေါ်မှာ ရှိပါဦးမလား။
မျက်မှန် သွားယူတဲ့နေ့မှာတော့ မျက်မှန် တပ်ပြီး လမ်းလျှောက်ခိုင်းတယ်။ အောင်မယ်လေး ...လေး ....ကြမ်းပြင်က အရမ်း နိမ့်နေပါရောလား။ ခြေ မလှမ်းရဲဘူး။ လမ်းလျှောက်နည်း သင်ပေးတယ်။ ခေါင်းငိုက်စိုက်ချ .... မှန် အပေါ်ပိုင်းနဲ့ ကြမ်းကိုကြည့် ... ဒီတော့မှ ပုံမှန် ဖြစ်သွားတော့တယ်။
စာပွဲပေါ်ကို စာရွက်တင် ... မှန် အောက်ပိုင်းနဲ့ဖတ် ... ကြည်လင် ပြတ်သားလို့ ... အဲ မျက်စေ့နဲ့ တတန်းထဲ စာတွေကို ဖတ်တော့ ကောင်းကောင်း မမြင်ရတော့ဘူး။ ခေါင်းမော့ မေးထိုး မှန်အောက်ပိုင်းထဲ ၀င်အောင်ထည့်ပြီး ဖတ်မှ မြင်ရတော့တယ်။
ညာဘက်၊ ဘယ်ဘက် မျက်လုံးစွေကြည့်ခိုင်းတယ်။ မမြင်ရဘူး။ မူးလာတယ်။ ညာဘက် ကြည့်ဘို့ ခေါင်းကို လှည့် ... မျက်လုံး တည့်တည့်ထား ကြည့်။ ဘယ်ဘက်ကိုလည်း ဒီ အတိုင်းပဲ ကြည့်ပါတဲ့။
ပထမဆုံး သုံးရက် ဒီမျက်မှန်ကို ရုံးခန်းထဲမှာပဲတပ် မျက်စေ့ အသားကျအောင် ကျင့်ပါလို့ ဆိုတယ်။ တဖြည်းဖြည်းနဲ့ ကြည့်ရတာ အဆင် ပြေလာပါ့မယ်တဲ့။
နောက်တနေ့မှာ မျက်မှန် အသစ်နဲ့ အလုပ်စရှုပ်ပြီပေါ့။ အဝေးကို မှန် အပေါ်ပိုင်းနဲ့ကြည့်၊ အနီးကို မှန် အောက်ပိုင်းနဲ့ ကြည့်၊ အဲ ... မနီး မဝေး ... ကွန်ပြူတာ စကရင်ကြီးကို ကျ ဘာနဲ့ ကြည့်ရပါ့။ ၀ါးလိုက် ၊ ကြည်လိုက်နဲ့ အခက်တွေ့ရော။
ဆိုင်ကိုပြန်သွား စစ်လိုက်တော့ မှန်အောက်ပိုင်းနဲ့ ကြည့်ရမယ်တဲ့။ မျက်မှန်ကိုင်းကို ပြန်ချိန်ပေးလိုက်တော့ အဆင်ပြေသွားရော။
ဒါဆို အားလုံး အိုကေပြီထင်နေတာ နောက်ပြဿနာတခု ထပ်ပေါ်လာပြန်ရော။ စားပွဲပေါ်မှာ စာရွက် နှစ်ရွက်ချ နှိုင်းယှဉ်ဘို့၊ မှန် မမှန် စစ်ဘို့ လုပ်ပြီဆိုတာနဲ့ စွေကြည့်လို့ မ၇တဲ့ ဒုက္ခ။
ရှေ့တည့်တည့်က စာရွက်ကို ဖတ်လို့ကောင်းတယ်။ နောက်တရွက်ကို ဖတ်ဘို့ မျက်စေ့ ရှေ့တည့်တည့် ရောက်ဘို့ ခေါင်းလှည့်၇တော့တာပေါ့။ ခေါင်းကို ဘယ်ညာ အချက်ကျကျ လှည့်နေလိုက်၇တာ သီချင်းများဖွင့်ထားရင် က နေတယ်လိုတောင် ထင်ချင်စရာ။
အခု တလောမှာတော့ ကြည့်စရာ တခုခုတွေ့ရင် မှန်အပေါ်ပိုင်းနဲ့ အောက်ပိုင်းနဲ့ လား အမြန် ဆုံးဖြတ်။ စိတ်ဆိုးတိုင်း မျက်စောင်း မထိုးရဲ၊ ခေါ်သံကြားရင် သမင်လည်ပြန်၊ ဘဲလည်လိမ် နဲ့ ဟန်ရေးပြလို့မရ။ ရှေ့တည့်တည့် ကြည့် ... သတိ ...ဖြစ်နေရပါတယ်။
မချို (ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ
Tuesday, November 15, 2011
အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း
Labels:
ကိုယ်တွေ့မှတ်တမ်း,
ဗဟုသုတ
Subscribe to:
Post Comments (Atom)

The first time, I read ur blog and read on the bus. I can't control but smile after reading yours. Very good writing style.
ReplyDeleteI like so much
ReplyDeleteအနီးတစ်ခု အဝေးတစ်ခုပြန်လုပ်ရတယ်ပြောကြတာဘဲ အဟင့်.
ReplyDeleteAnonymous (၁) ... ကျေးဇူးပါ။ နောက်ထပ် ဒီလိုပဲ ပြုံးစရာ တစ်ပုဒ် ရေးဘို့ ရှိနေပါသေးတယ်။ လာဖတ်ပါဦး။
ReplyDeleteAnonymous (၁) ... အားပေးတာ ကျေးဇူးပါ။
မမ KOM .... အဲလို တစ်လက်စီ ပြန်လုပ်ရင် ကောင်းမလားလို့ စဉ်းစားနေတာ။
thanks for sharing your experience
ReplyDeleteThanks for visiting my blog also.
ReplyDeleteအမ မချို
ReplyDeleteစာအရေးအသား အတော်ကောင်းပါတယ်... ဆွဲဆောင်မှူ့ရှိတယ်...
စာဖတ်တဲ့လူကို ဆွဲခေါ်သွားနိုင်တယ်... (တခြားလူများအားလုံးမဆိုလိုပါ)
မKOMက မျက်မှန် ၃ လက်လုပ်ထားတယ်ပြောတယ်...
ညအိပ်ရင် တလက်တပ်အိပ်တယ်တဲ့...
:-)
ReplyDeleteခင်မင်စွာဖြင့်
ကျေးမင်း ... ကြိုက်တယ် ဆိုလို့ ကြိုးစား ရေးရကျိုး နပ်ပါပြီ။ မမKOM နဲ့ အမျိုး တော်သလား မသိ။
ReplyDeleteကျေးဇူး ဖိုးမူ ...
သူငယ်ချင်းတစ်ယောက် အဲ့လိုပဲဗျ။ ဆိုင်မှာ စမ်းလာတာ အဟုတ်ပဲ။ ဘတ်စကားပေါ်က နေ အဆင်းမှာ ပြသနာ စပေးတာ။ အနိမ့် အမြင့်တွေမှာ ပြသနာ ပေါ်နေတော့ ကားပေါ်က ဆင်းတာ ခြေဆောင့်သလိုဖြစ်ပြီး ခြေထောက်နာတယ်။ ခလုတ်တိုက်တယ် နောက်ကျ ဆိုင်ပြန်ရောုက်သွားတယ်။ ပိုက်ပိုက် ထပ်ကုန်သွားပြန်ရောဗျ။
ReplyDeleteမျက်မှန်ကို ပထမ သုံးရက် indoor မှာပဲ တပ်ဘို့ ဆိုင်က သေသေချာချာ မှာလိုက်တာ။ ကားပေါ် အတက် အဆင်း မဆိုထားနဲ့ လှေခါးထစ်တောင်မှ အတက်အဆင်း မလုပ်ရဲသေးဘူး။
ReplyDeleteSis, where have u been? Waiting for your new posts and wishing u r doing well.. :)
ReplyDeleteyour blog reader
Thank you so much, Dear reader.
ReplyDeleteI am still in blogspehere. Did not go anywhere.
Just no mood to write.
Will try to post something new.
Thanks again.