မနက် မိုးလင်းသည်နှင့် ဖုန်း မက်ဆေ့များ တတီတီနှင့် ရောက်လာသည်။ ၁၁.၁၁.၂၀၁၁ ဆုတောင်းများပေကိုး။ ဆယ့်တစ်မိနစ် အတွင်း လူ ဆယ့်တစ်ယောက်ကို ပို့ရမည် ဆိုသည်လည်းပါ၏။
ဗေဒင်၊ ဖုန်းရွှေ၊ ဂဏန်းများကို နားမလည်ပါ။ သို့သော် ဆယ့်တစ်ရက်နေ့ဖွား ဖြစ်သောကြောင့် ဒီနေ့ကို ရင် မခုန့် တခုန် ဖြစ်သလိုလို ရှိသည်ကတော့ အမှန် …။ ဟိုရောက် ဒီရောက် ပို့စ် တပုဒ်ဖြင့် စာရေးချင်စိတ် ပေါ်လာ၏။ သည်းခံ ဖတ်ကြပါလေ။
အိန္ဒိယ ဆိုင်မှ နေ့လည်စာ ဖြစ်သည်။ မိတ်ဆက်ရသော် ကြက်သားဟင်း၊ ပန်းဂေါ်ဖီနှင့် အားလူး အရော၊ ပဲဟင်းရည်၊ သံပုရာသီး သနပ်တို့ ဖြစ်သည်။ လူထူထူတွင် ဖုန်းကင်မရာဖြင့် ရိုက်သောကြောင့် ပုံမကောင်းချေ။
ရုံးပြန်ေ၇ာက်သော် ကုမ္ပဏီ ဒင်နာ တက်ရန် အတွက် လက်မှတ်များ ဝေနေ၏။ နောက်တစ်ပတ်ထဲတွင် ဖြစ်သည်။ အခုထိ ဘာဝတ်၇မည် မသိသေး။ ရှိပြီးသော အဝတ်များကို ညီမတော်က ပုံတုံးတွေဟု Reject လုပ်ထား၍ ရုံးပိတ်၇က် အတွင်း သင့်တော်ရာ ရှာပေရဦးမည်။
ညနေ ရုံးဆင်းသောအခါ ပင်နီစူးလားသို့ သွားသည်။ လေးထပ်တွင် လဘက် အကြော်စုံ ဝယ်သည်။ အခြား ဆိုင်များတွင် ရနှိုင်လျှက်နှင့် လေးထပ် အထိ ဘာကြောင့် သွားရသလဲ မေးစရာ ဖြစ်နေပေမည်။
လွန်ခဲ့သော တစ်ပတ်က သူတို့ ဆိုင်ထဲတွင် စားစရာ အထုပ် အသစ် တော်တော် များများ ထည့်နေသည်ကို တွေ့သောကြောင့် အသစ်ရောက်သော အကြော်စုံ ထုပ်ဝယ်သည်။ အလွန်ကြွပ်ရွ လတ်ဆတ် သဖြင့် တကူးတက ထပ်ဝယ်ရခြင်း ဖြစ်သည်။
မိတ်ဆွေ အန်တီ တစ်ယောက်နှင့် တွေ့၍ စကားရပ်ပြောသည်။ မိန်းမပျိုလေးကဲ့သို့ ပြင်ဆင်ထားသော သူ့ကို လှကြောင်း မြှေက်ပင့် ပြောရင်း အကျီ င်္ ဘယ်က ဝယ်လည်းဟု မေးမိကာမှ ပို ဆိုးတော့သည်။ စပိန်က လာသည် ဆိုပါလား။
လွိုင်နိုင်းသို့ ရောက်သော အခါ ထူးထူး ခြားခြား ခုံလွတ် တချို့  တွေ့ရ၏။ ရှမ်းခေါက်ဆွဲ စားသည်။ ရှမ်းနှစ်သစ်ကူးပွဲသို့ မလာသောကြောင့် စိတ်ကောက်နေသော ရှမ်း သူငယ်ချင်းအား သတိ၇မိသည်။ လျှမ်းလျှမ်းတောက် ကြော်ကြားနေသူ အဘို့ အားပေးသူများ မရှားပါချေ။ လောလောဆယ် ခပ်ရှမ်းရှမ်းဖြင့် စားပြီး ပိုက်ဆံ မပေးပဲ ထွက် မသွားမိစေရန်သာ သတိထားနေရသည်။
City Link ထဲတွင် ဝင်းဒိုး ရှော့ပင်း လုပ်သည်။ ဆိုင်အားလုံး ကြည့်ဖန်များလွန်း ၍ အလွတ် ရလုနီးပါးပင် …. ။လူထူထူကြားတွင် ဓါတ်ပုံ ရိုက်ရသည်မှာ အဆန်း မဟုတ်တော့။ ဖေ့စ်ဘွတ် သားကောင်၊ ဘလော့ သားကောင်များ များသထက် များလာချေပြီ။
ဘလော့၏ သားကောင် တစ်ယောက်သည်လည်း အိမ်ပြန်၍ ၁၁.၁၁.၂၀၁၁ အမှီ ပို့စ်တစ်ပုဒ်ကို တင်နှိုင်ရန် ရထား ဘူတာရုံသို့ အလျှင် အမြန် သုတ်ချေတင်လေတော့သည်။
မချို (ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ
Friday, November 11, 2011
တစ်ခြောက်လုံး သောကြာ
Subscribe to:
Post Comments (Atom)

ဟင်း.ဒါဘဲလား
ReplyDeleteရှည်ရှည်ရေးပါ။
kom
indian food က စုံတယ်တော. ဒို.ရုံးနားက ဟာတွေက အဲလောက်စုံဘူး.
ReplyDeleteYes, I agreed with KOM; you should write a little bit long since you didn't write last month. But I wish you "Happy Birthday" & "Be a prettiest woman in the dinner party".
ReplyDeleteမမ ခင်ဦးမေ ပြင်ဦးလွင် ရေးသလို အခန်းဆက်တွေ ရေးနှိုင်အောင် ကြိုးစားပါ့မယ် ...
ReplyDeleteAnonymous (၁) .... အဲဒီဆိုင်မှာ စုံချက်ကတော့ မပြောပါနဲ့တော့ ... စတီးဗန်းကြီးနဲ့ကို ထည့်ပေးတာ။
Anonymous(၂) ... အမာခံ ပရိတ်သတ် ဖြစ်ပုံရတယ်။ အားပေးတာ ကျေးဇူး အထူးပါ။ ဆုတောင်းတဲ့ အတိုင်းသာ ဖြစ်လိုက်ပါတော့။
Dinner အတွက် ဘာဝယ်လာလဲ ပြောပြပါအုံး... :D
ReplyDeleteအိန္ဒိယ ထမင်းက ငါးပိရည်ကျိုပါတယ်လား...
ReplyDeleteအမ မချိုက ဓါတ်ပုံထဲက အရှုပ်မလေးလို ပိန်ပိန်သွယ်သွယ်လေးလား...
မသက်ဝေ ... ဓါတ်ပုံ ရိုက် တင်မလို့ပဲ ... တော်ကြာ ဆိုက်ကြီး ဝတ်တဲာသိကုန်ကြမှာ စိုးလို့ မတင်တာ့တာ ... အဟဲ ...
ReplyDeleteကျေးမင်း .... ငါးပိရည်တော့ မဟုတ်ဘူး။ ဘာအရည်တွေလည်းတောါ မသိ. အရွက်တွေနဲ့ တို့စားလို့တော့ အတော်ကောင်းတယ်။ ပိန်ပိန်လေးလား ဆိုတာကိုတော့ မြင်ဘူးတဲ့ သူတွေကိုသာ မေးကြည့်ပါတော့....
တင့်တင့်ထွန်းတဲ့.
ReplyDeleteအဲဒါ မမ KOM
ReplyDelete