Saturday, September 3, 2011

မျောက်မုဆိုး

လူကြိုက်များတဲ့ Angry Birds ကစားကြည့်ရင်း တဖြည်းဖြည်း စွဲလာတယ်။ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ ဝက်ကလေးတွေကို အရှိန်နဲ့ ပြေးတိုက်ပြီး သတ်ပစ်ကြတဲ့ ငှက်ကလေးတွေပေါ့။

ဒေါသ ကြီးလိုက်တာလည်း လွန်ပါရော။ “ဂါး …………” ကနဲ အသံနက်ကြီးနဲ့ အော်ပြီး အရှိန်ပြင်းပြင်းနဲ့ ပျံ … ပြေးတိုက်လိုက်ကြတာ …. ဝက်လည်းသေ …. ငှက်လည်းသေ .... ရန်သူကို အသေခံတိုက်တဲ့ သူရဲကောင်းတွေလို့တောင် အထင်ကြီးမိသေးတယ်။


ကာတွန်းရုပ် ဝက်ကလေးတွေ ခမျာ …. ငှက်တွေ ပျံလာပြီဆို မျက်လုံး ပြူးကြောင်ကြောင်နဲ့ ကြောက်နေကြရှာတယ်။ သနားစရာတော့ ကောင်းသား။ ဒါပေမဲ့လည်း အားတက်သရော သတ်ဖြတ်လာလိုက်တာ Level 5 ရောက်လာပြီးမှ Game Update လုပ်ရင်း မတော်တဆ ဖျက်လိုက်မိရော။

Install လုပ်ဘို့ ရှာတော့ Angry Bird နောက်တမျိုး ထပ်တွေ့တယ်။ ပုံတွေ ပိုကောင်း … ပို အသက်ဝင် … တကယ့် ရုပ်လုံးကြွ ကာတွန်း ရုပ်ရှင် ကြည့်နေရတဲ့ အတိုင်းပဲ။

ပထမဆုံး Level က Smuggling Den ….. ငှက်မျိုးစုံကို ဖမ်း … လှေင်အိမ်ထဲထည့် … ဂိုဒေါင် အပျက်ကြီး ထဲမှာ စုထားတယ်။ ဒါကို Angry Bird တွေက အရှိန်ပြင်းပြင်းနဲ့ ပျံ … ကိုယ်လုံးနဲ့ လှေင်အိမ်ကို ပြေးတိုက် …. အဖမ်း ခံထားရတဲ့ ငှက်တွေ လွတ်သွား … Angry Bird ကတော့ သေရော …။

ဒီတခါတော့ ကိုယ့် အမျိုးကို အသက်စွန့် ကယ်တင်တဲ့ ဟီရိုးတွေဆိုပြီး ဝမ်းသာ အားရတောင် ဖြစ်နေမိတာ။

Level 3 ရောက်တော့ ပစ်မှတ်က မျောက်တွေ ဖြစ်သွားပြီ။ အလိုလိုမှ မျောက်ကို အမြင်ကပ်နေတာ … အားပါးတရ သတ်ဖြတ် ပစ်လိုက်တာပေါ့။

အသတ်ခံရခါနီးဆို မျောက်တွေ ကြောက်လွန်းလို့ တုန်နေလိုက်တာ။ ရုပ်ပုံတွေက အသက် ဝင်လွန်းလို့လေ။ ဝက်တုန်းက ကာတွန်းရုပ် သက်သက်ကြီး ဆိုတော့ မသိသာဘူးပေါ့။ ခုတော့ မျောက်တွေကိုများ ထိသွားရင် ငယ်သံပါအောင် အော်ပြီး ကား ကနဲ သေကုန်ကြရော။

နောက်ဆုံး မျောက်နှစ်ကောင်တည်း ကျန်တော့ တကောင်နဲ့ တကောင် အားကိုး တကြီး ကြည့်ပြီး တဆတ်ဆတ် တုန်နေရှာတယ်။ ရင်ထဲမှာ ဆို့နင့်နင့် လိုလို … အားတင်းပြီး ငှက်တကောင် လွှတ်လိုက်တယ်။

မျောက်တကောင် သေသွားတယ်။ နောက်ဆုံးမျောက်ကို ကာထားတဲ့ ခေါင်မိုးလည်း ပွင့်သွားပြီ။ နှိုင်ဘို့ သေချာပေါက်ပဲ။ နောက်ထပ် ငှက်တကောင် ပြေးတိုက်တာနဲ့ နောက်ဆုံး မျောက်သေပြီ။

ဒီကောင်ကလည်း သူ့ကို ကာထားတဲ့ အမိုး ပွင့်သွားကတည်းက ကြောက်လွန်းလို့ … တဆတ်ဆတ် တုန်နေလိုက်တာ။ ငှက်ကို အသနားခံတဲ့ အကြည့်နဲ့ ကြည့်လို့ ….

ကဲ … ဘာလုပ်ရမှာလည်း … သတ်ပစ်လိုက်ရမှလား .. . အရှုံး ခံလိုက်ရမှာလား Angry Bird ရေ ….





မချို (ပန်းခရမ်းပြာ)

Photo : www.google.com


9 comments:

  1. စာမရေးပဲဆော့နေတယ်အရိုက်ခံရမယ်ဟွန်းဟွန်း

    ReplyDelete
  2. မကြောက်ပေါင် ...
    အဲလို ဆော့လို့လဲ ခုလို ရေးနှိုင်တာပေါ့ ...

    ReplyDelete
  3. ဝါသနာတူတွေတော့ တွေ့နေပြီ... အမလည်း ဆော့နေတာ Level တွေ အားလုံးပြီးလို့ အခု 3 Stars တွေချည်းရအောင် အစကနေ ပြန်ဆော့နေတယ်... တနေ့ တနေ့ အားကို မအားရပါဘူး... အဟီး...

    ReplyDelete
  4. အဲ ... မသက်ဝေ တော်လှချည်လား ...
    ဒီမှာတော့ one star ရအောင်တာင် မနဲ ကြိုးစား နေရတာ။

    ReplyDelete
  5. အဟဲ... ဒါမျိုးဆို မအိပ်မနေ ကြိုးစားတတ်တာမျိုး... :D :D :D

    ReplyDelete
  6. http://www.facebook.com/photo.php?fbid=1876429803924&set=a.1695671485079.74719.1636599456&type=1&theater#!/photo.php?fbid=1846596378107&set=a.1695671485079.74719.1636599456&type=1&permPage=1

    ReplyDelete
  7. တွေ့တယ် ... star တွေ အများကြီး ... အားကျလိုက်တာ

    ReplyDelete
  8. ကျေးမင်းSep 23, 2011 03:11 AM

    မျက်စိလည် လမ်းမှားပြီးရောက်ရှိလာပါတယ်...
    နောက်လည်းအားလို့ကြုံရင် လာလည်ပါအုံးမည်...

    ReplyDelete
  9. ကျေးဇူးပါ ...
    ပို့စ် အသစ်တွေ ကြိုးစား ရေးပါဦးမယ်။

    ReplyDelete