Sunday, August 28, 2011

Polling Day နဲ့ ရှမ်းပွဲတော်

စာ မရေးဖြစ်တဲ့ အကြောင်း၊ ဘလော့ကို ပစ်ထားမိတဲ့ အကြောင်းတွေနဲ့ နိဒါန်း ချီမနေတော့ပါဘူး ….။

မနေ့က Polling Day စင်္ကာပူ သမ္မတ ရွေးကောက်ပွဲနေ့ …. အားလုံး ရုံးပိတ်ကြတယ်။ လူစုကြတယ်။ ပျော်စရာနေ့လေး အကြောင်းနဲ့ပဲ စာ စရေးလိုက်ပါတော့မယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပေါ့။ ပင်နီစူးလားကို ရောက်သွားတယ်။ ရှမ်းခေါက်ဆွဲ စားဘို့ လွိုင်နိုင်းကို သွားလိုက်တာ… လူအပြည့် … ခုံနေရာလွတ် မရှိဘူး။ မစားခဲ့ရဘူး ဆိုပါတော့။ အဲဒီကတည်းက ရှမ်းခေါက်ဆွဲကို စားချင်နေလိုက်တာလေ။


သူတော်ကောင်းတွေကို မိုးနတ်မင်းကြီးက ပစ်မထားပါဘူး။ SMS ရလာတယ်။ စနေ ညနေမှာ လူစုမယ်။ Histori ရဲ့ Boss ကိုစိုင်း ကိုယ်တိုင် ရှမ်းခေါက်ဆွဲ ချက်မယ် ဆိုပါလား …။ စားရချည်သေးရဲ့ ….။

နောက်တနေ့မှာတော့ ကျောင်းနေဖက် သူငယ်ချင်း ရှမ်းမလေးက ဖုန်းဆက်တယ်။ စနေ မနက် သူ့သမီးလေး မွေးနေ့ ကို လာပါ။ ရှမ်းခေါက်ဆွဲ ကျွှေးမယ်တဲ့လေ။ ကဲ … စားချင်ဦးဟဲ့ ရှမ်းခေါက်ဆွဲ ….။

စနေနေ့ မှာတော့ မဲပေးတဲ့ သူတွေ ဘယ်လောက် အလုပ် ရှုပ်ကြမလဲမသိ။ ဒီမှာတော့ မွေးနေ့လက်ဆောင် တစ်ထုပ်၊ ညနေ ပါတီ အတွက် တစ်ထုပ်၊ အဝတ်အစား အပို တစ်စုံ ပြင်ဆင်ပြီး မနက်ကတည်းက စထွက်ရပြီ။

မွေးနေ့ ဆုတောင်း ….. ကင်မရာ မယူသွားမိလို့ ဟန်းဖုန်းနဲ့ပဲ ရိုက်လိုက်ရတယ်။ ရှမ်းခေါက်ဆွဲကိုတော့ ဓါတ်ပုံ မရိုက်ဖြစ်လိုက်ဘူး။

စားသောက်ပြီးတာနဲ့ သူငယ်ချင်းတစ်စု အနီးဆုံး NTUC ဝင် …ညနေ နောက်တစ်ပွဲ အတွက် စီစဉ်နဲ့ … နာမည်ကျော် Chef အတွက် အဆင်သင့် ပြင်ထားပေးရတယ်လေ။

ရှမ်းခေါက်ဆွဲ၊ တိုးဟူးကြော်၊ ဝက်ခေါက်ကြော် …. မိုးလင်းကတည်းက ရှမ်းစာတွေနဲ့ စလာလိုက်တာ ညနေအထိ၊ ရှမ်းကိုးမီးကလည်း တောက်လောင်နေလိုက်တာမှ တော်တော်နဲ့ မငြိမ်းနှိုင်တော့ဘူး။

အိမ်ပြန်ရောက်တာနဲ့ TV ဖွင့် … မဲရေတာကို ခဏ စောင့်ကြည့်လိုက်သေးတယ်။ ထင်တဲ့ အတိုင်း တိုနီ ပါပဲ ...

ထုံစံ အတိုင်းပဲပေါ့။ ဒီနေ့ တနင်္ဂနွေ အိပ်ယာထ နောက်ကျတယ်။ Breakfast, Lunch, Dinner အားလုံး အတွက် ဒံပေါက် တပွဲ ….။ ဒီလိုမျိုး တနပ်စား ဥာဏ်တွေ လုပ်နေတာ ကြာပြီ ….။



မချို (ပန်းခရမ်းပြာ)

8 comments:

  1. အစားအသောက်လာငမ်းသွားတယ်ဗျ

    ခင်မင်တဲ့
    စစ

    ReplyDelete
  2. အားပေးတာ ကျေးဇူးပါ စစ

    ReplyDelete
  3. ပေါ့ပါး သွက်လက်နေတာပဲ...အားကျပါ၏

    ReplyDelete
  4. စိတ်ပျိုပေမဲ့ ကိုယ် မနုတော့ဘူး မသီတာရဲ့ ....

    ReplyDelete
  5. Edit နဲနဲလုပ်ရမယ်.. ခေါက်ဆွဲနဲ့ နာမည်ကျော် chef နဲ့လုံလောက်ပါတယ် မခရမ်းပြာရယ်... serious..

    ReplyDelete
  6. ရှမ်းကိုးမီးလည်း ပါသေးတယ်လေ က်ုစိုင်းရဲ့

    ReplyDelete
  7. အဲ့ဒံပေါက်က နော့ဒ်ပွိုင့်က ဘေ့စ်မန့်တူးကထင်တာပဲ။ အဲ့ကဆိုရင်တော့.. အရမ်းကြိုက်တဲ့ဆိုင်ကပဲ :D

    ReplyDelete
  8. အဲ .... ဒီAnonymous လည်း ဓါတ်သိထဲကပဲ ...

    ReplyDelete