တရွာ မပြောင်း သူကောင်း မဖြစ်တာလား။ သေချင်တဲ့ ကျား တော ပြောင်းတာလားတော့ မသိ….။ အလုပ် ပြောင်းပါတော့မယ်။
လက်ရှိ အလုပ်မှာ စီးပွားရေးကျလို့ အခြေအနေ အတော် ဆိုးနေပါပြီ။ တိုက်ဆိုင် လွန်းလှတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အင်တာဗျူး သွားဘူးခဲ့တဲ့ Company ခပ်ကြီးကြီး တခုက ဆက်သွယ်လာတယ်။ တခြား Position အတွက် အင်တာဗျူး လာခဲ့ပါ ဆိုပဲ။
သူတို့ကလည်း အင်မတန် ကြီးကျယ်ပြီး ဇီဇာ ကြောင်လွန်းလှတဲ့ သူတွေပါ။ အရင်တခါ သွားဖြေတုန်းက ပထမ အကြိမ်မှာ တစ်နာရီ ကြာတယ်။ ဒုတိယ အကြိမ် ထပ်လာဘို့ ခေါ်တော့ အတော် အားတက်သွားတာပေါ့။ အဲဒီမှာလည်း နှစ်နာရီကျော် ကြာအောင် ဗျူးနေပြီး နောက်ဆုံးကျမှ မရွေးတော့ဘူးလို့ အကြောင်းပြန်တယ်လေ။
ဒါကြောင့် ခုတခေါက်လည်း အပျော် သဘောပဲ သွားဖြေမယ်ပေါ့။ အလည် အပတ် ရောက်နေတဲ့ အဖေကိုလည်း Industrial Park တွေထဲ ရောက်ဘူးအောင် ခေါ်သွားတယ် …
ရုံး အဆောက်အဦး လှလှတွေ ရှေ့မှာ တယောက် တလှည့် ဓါတ်ပုံ ရိုက်လိုက်ကြ။ ရှုခင်းတွေ နောက်ခံထား ရိုက်လိုက်ကြနဲ့ နောက်ဆုံး သွားရမဲ့ ရုံးရှေ့  လဘက်ရည်ဆိုင်မှာ ထိုင် … အချိန်ကျမှပဲ ဝင်သွားလိုက်တော့တယ်။
ဌာန နှစ်ခုက လူလေးယောက်နဲ့ နာရီဝက်ကြာ ထိုင် စကားပြော .. ပေါ့ပေါ့ ပါးပါး အင်တာဗျူး တစ်ခုပြီးသွားတယ်။ စိတ်ထဲတော့ တယ် မထင်ပါဘူး …။ သူတို့ အကြောင်း သိနေပြီးသားကိုး။
နောက်တစ်ပတ်ကြာတော့ အဲဒီရုံးက HR က ဖုန်းဆက်လာရော ….။ ဌာန နှစ်ခုစလုံးက အလုပ် ခန့်ချင်တယ်။ ကိုယ်ကြိုက်ရာ တစ်ခုကို ရွေးပါတဲ့လေ….။ အံ့ရောပဲ …။ ဒုတိယ အကြိမ် အင်တာဗျူးလဲ လာစရာ မလိုတော့ဘူး … တခါတည်း အလုပ်ခန့်လိုက်ပြီတဲ့ … သူတို့မှာ အရင်က မှတ်တမ်းတွေ ရှိပြီးသား ဆိုပဲ။
နောက်တစ်ပတ်မှာ ဖုန်းထပ် ခေါ်ပြန်ရော။ အလုပ်ခန့် စာချုပ် မှာ လက်မှတ် လာထိုးပါတဲ့ လေ …။
တဲတဲလေး ကျန်တဲ့ အလုပ်ဟောင်းကို သံယောဇဉ်ဖြတ် … သူကောင်း ဖြစ်တော့မဲ့ ကျားလေး တော ပြောင်းရပါတော့မယ်။ နေရာ ဟောင်းဆိုတော့လည်း သတိရစရာ၊ တွယ်တာစရာတွေကလည်း အများသား …။
အားလုံးထဲမှာ သတိရစရာ တခုက ဒီကောင်ကြီးပါ …
လက်ရှိ အလုပ်က ရုံးခန်းတွေ အများကြီး ရှိတဲ့ Industrial Building ပါ။ နေ့လည်စာ စားချိန်မှာဆို ဓါတ်လှေခါးက အမြဲ လူပြည့်နေတယ်။ ဒီကောင်က သူ့ပိုင်ရှင်တွေနဲ့ အတူ ဓါတ်လှေခါး လူကြပ်ကြပ်ထဲမှာ လိုက်လာတတ်တယ်။
ပြန်တက်ရင်တော့ သူ တကောင်တည်း … ထွက်တဲ့ သူတွေ ကုန်အောင် စောင့်ပြီးမှ ဝင်တယ်။
ဓါတ်လှေခါးထဲမှာလည်း အဲလို အိနြေ္ဒ ရရ လိုက်တာ … သူ ဆင်းချင်တဲ့ အထပ်ရောက်မှ ဆင်းသွားရော … လွမ်းနေမယ် ဟေ့ကောင်ကြီးရေ ..
မချို(ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ
Thursday, June 16, 2011
သူကောင်း ဖြစ်တော့မဲ့ ကျား
Labels:
ကိုယ်တွေ့မှတ်တမ်း
Subscribe to:
Post Comments (Atom)

လွမ်းစရာရှားသလားမချို။
ReplyDeleteလက်ညှိုးကို မှတ်ထားလိုက်ပီ
ReplyDeleteလမ်းမှာတွေ့  လက်ညှိုးခြင်းနှုတ်ဆက်ကြမယ် ဟမ်
မသီတာလည်း အလုပ်ပြောင်းချင်တယ် ;P
ReplyDeleteချစ်စရာမို့ လွမ်းပါသည် မမKOM
ReplyDeleteAnonymous .... တယ် မျက်စေ့လျှင်သားပဲ..
အမလေးလေး ... အလုပ်ပြောင်းဘို့များ မစဉ်းစားပါနဲ့ မသီတာရယ် ... ဒီလောက် ဇိမ်ကျနေတာကို ...
း) ကံကောင်းပုံကို အားကျလိုက်တာ
ReplyDeletemm
တိုက်ဆိုင်သွားတာပါ မွန်ရဲ့ 
ReplyDeleteမကြည်တဲ့ရေကြည်အောင်လုပ်မယ် မနုတဲ့မြက်နုအောင်လုပ်မယ်
ReplyDeleteအားပေးတာ ကျေးဇူးတင်ပါတယ် ဘုန်းဘုန်း။
ReplyDeleteစာရေးကောင်းတယ် မချို။ မြန်မာစကားပုံတွေက တစ်ခါတစ်လေ ဘယ်လိုအဓိပ္ပာယ်ကောက်ရမယ်တောင် မသိတာအမှန်ပါ။ မချိုရေးသွားတဲ့ စကားပုံမှာတင်ကြည့်လေကွယ် ပြောင်းရကောင်းမလား မပြောင်းရကောင်းမလား ဆုံးဖြတ်ရခက်တယ်နော်။ နောက်တစ်ခုရှိသေးတယ် 'ထိုင်နေရင်အကောင်း ထသွားမှကျိုးမှန်းသိ' ဆိုသလိုလေ။
ReplyDeleteမေတ္တာဖြင့်
အန်တီတင့်
Dear Ma Cho,
ReplyDeleteCongratulation, so when u will arrange another gathering for our group ?? this time I will not miss out. .. Sory I don know how to type in burmese font.Don forget to call :-) :-) :-)
ရောက်လာ ကျေးဇူးပါ မမတင့် ....
ReplyDeleteစကားပုံတွေကတော့ အဓိပ္ပာယ် ကြိုက်ရာ ဆွဲယူလို့ ၇နေသလိုပဲနော် ..
ဘဝင် မကျတာ တခုလည်း ရှိသေးတယ်။
ရေငတ်တုန်း ရေတွင်းထဲကျတဲ့ ... ရေတွင်းထဲ ကျမှတော့ သေပြီပေါ့။
Anonymous ... ဘယ်သူများပါလိမ့် ... gathering တွေ အတော်များနေပြီ ဆိုတော့ ဘယ်သူ မလာလည်း မမှတ်မိတော့ဘူး ... နာမည်လေးများ မ,စ, တော်မူပါ ...