စာ ပြန်ရေးတော့မယ် ဆိုတော့ အကြွေးဆပ်ဘို့ အရင်ဆုံး သတိရတယ်။ မသက်ဝေနဲ့ ညီမလေး ရွှန်းမီတို့ တဂ်ထားတဲ့ နေ့စဉ် အကြိုက် Daily Like ပါတဲ့။ မှတ်မိကြပါဦး မလား မသိ။ အတော် ကြာခဲ့ပြီကိုး။
ဒီမှာ နေ့စဉ် ကြုံတွေ့ နေရတာတွေထက် ... ရန်ကုန်ပြန်တုန်းက နေ့စဉ် အကြိုက်လေးတွေကိုပဲ ပို ကြိုက်နေမိတယ်။ တနေ့တာ ကြုံခဲ့ရတဲ့ အကြိုက်လေးတွေ ဝေမျှပါရစေဦး။
မုန့်ဟင်းခါးနဲ့ လဖက်ရည်။ ရှစ်မိုင် Lucky Seven မှာ စားတဲ့ ဘရိတ်ဖတ်ပါ။ မုန့်ဟင်းခါး လေးရာကျပ်၊ လဘက်ရည် သုံးရာကျပ်။ တနေကုန် သွားရတော့မယ်ဆိုတော့ စောစောစီးစီး ကြိုက်တာလေး ဗိုက်ဖြည့်ထားရတာပေါ့။
အပြင် မထွက်ဖြစ်တဲ့ နေ့တွေဆိုရင် အိပ်ယာထတာနဲ့ ဘိန်းမုန့်နဲ့ လဘက်ရည်က အသင့်။ ဘယ်လောက် ကျေနပ်စရာ ကောင်းသလဲနော်။ စင်္ကာပူမှာ မနက်မိုးလင်း ကိုယ်တိုင်ဖျော် မိုင်လိုတခွက် အမြန်သောက်ပြီး ရုံးပြေးရတာတွေ မေ့ထားလိုက်ဦး။မြို့ ထဲရောက်တော့ သိမ်ကြီးဈေးက Wonderful မှာ နေ့လည်စာ စားကြတယ်။ ဒီက Food Court တွေလို မျိုးပဲ။ ပင်လယ်စာ ထမင်းပေါင်းတဲ့။ ၁၇၀၀ ကျပ်။ ကြိုက်လွန်းလို့ ရောက်တိုင်း စားဖြစ်တယ်။
စကော့ဈေး ၀င်တယ်။ ၀င်းဒိုး ရှော့ပင်းရော၊ လက်ဆောင်ပစ္စည်း ၀ယ်ဘို့ရောပေါ့။ ဈေးတွေကတော့ ထုံးစံ အတိုင်း ဆစ်နှိုင်မှ တော်ကာကြမည်ချည်းပဲ။
ထူးထူးဆန်းဆန်း ဈေးဆစ်ဘို့ မလိုတဲ့ ဆိုင်ကို တွေ့တယ်။ အပိုစကား မပြောရတာကို ကြိုက် ... ဈေးဆစ်ရတာကို မုန်းလွန်းလို့ သူ့ဆိုင်မှာပဲ အမြဲ ၀ယ်ဖြစ်ရော။ကျောက်စိမ်း လက်ကောက် သုံးထောင်၊ ဟန်းချိန်း ကြိုး အပျော့ လေးရာ၊ မြန်မာငွေလားလို့ သေချာအောင် မေးရသေးတယ်။ တခြားသော ကျောက်စိမ်း အထည် လက်ဆောင် များလည်း ထိုနည်း၎င်း ....
ဆိုင်ရှင်ကို ခွင့်တောင်း၊ ဘလော့ပေါ် တင်ချင်လို့ပါ ဆိုပြီး ဓါတ်ပုံ ရိုက်လာခဲ့တယ်။ စင်္ကာပူပြန် လက်ဆောင်များ အတွက် ဦးနှောက်စား သူများ အလွယ်တကူ သွားနှိုင်ရန် ...။
City Mart ဆက်သွား ... စားစရာတွေ ၀ယ်လာတယ်။ အခြောက်အခြမ်းပဲ အားကိုးရဘို့ အချိန်နီးလာပြီလေ။
City Mart မှာဝယ် ... စင်္ကာပူကို သယ်လာတဲ့ ၀က်ဝံကြီး။ ကိုးထောင်ကျပ်။ ပရင်တာပေါ်မှာ နေရာယူ ... အားလုံးကို ပြုံးစစနဲ့ ကြည့်လို့ ....။
တရုတ်ကား ကိုးရီးယားကား ဇာတ်လမ်းတွဲရှည်တွေလိုပေါ့။ နောက်ဆုံး အခန်းမှာ အကုန် သတ်ပစ်လိုက်တာနဲ့ ဇာတ်သိမ်းသွားရော။ အခုလဲ အမြန် နိဂုံး ချုပ်ပါတော့မယ်။
သတ်စရာတော့ မရှိ။ သို့သော် လိုလိုမယ်မယ် သွားရည်သိမ်းဘို့ တစ်ရှုး ဆောင်ထားကြပါ။ စင်္ကာပူ ပြန်ရောက်တဲ့အခန်း ကို ခုန်ကျော်သွားပါပြီ။Duty Free က တစ်လီတာ ရေမွှေး ပုလင်း။ မြန်မာပြည်က သယ်လာတဲ့ မရမ်းသီးကို သုပ် ... City Mart က ဆတ်သားခြောက်ကို ဆီဆမ်း ... စင်္ကာပူ အနောက် အရပ်မှ သူငယ်ချင်း တအုပ်စု .... အဲဒါတွေကိုလည်း ကြိုက်ပါတယ်။
မချို (ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ
Tuesday, June 7, 2011
တနေ့တာ အကြွေးဆပ်ခြင်း
Subscribe to:
Post Comments (Atom)

သူများဖျော်ပြီးသားအဆင်သင့်မိုင်လိုသောက်ချင်ရင်
ReplyDeleteမိန်းမယူလေ
ဟမ်
ဟဲ့ ပလုပ်တုတ် ... အပေါ်က "ဟမ် " က ကျားလား၊ မ လား ...
ReplyDeleteမုန့်ဟင်းခါး ကြိုက်တယ်... ဝက်ဝံကောင်လေးကို ကြိုက်တယ်... မရမ်းသီးသုပ်... အင်း... မရမ်းသီးသုပ်လဲ ကြိုက်တယ်...း))
ReplyDeleteမုန့် ဟင်းခါးပဲ စားချင်တယ်....... :PPPPPPP
ReplyDeleteအဲ.. ရေမွှေးပုလင်းကြီး အားရပါးရ သောက်မလို့ပါလား :D
ReplyDeleteအပေါ်ဆုံးက ပလုတ်တုတ်ကြီး ဗေဒင်ဟောမလို့ထင်တယ်.. အကြံဥာဏ်တွေ ပရိုမိုးရှင်းနဲ့ အလကားပေးနေတယ်။
မချိုရေ လွတ်အောင်ပြေးနော်.. =)
အစ်မကြိုက်တာတွေကို ဖတ်ပြီး မုန့်ဟင်းခါးကို တော်တော်သတိရသွားတယ်။ မစားဖြစ်တာကြာပေါ့။ ပြီးတော့ လက်ဆောင်ဆိုင်ညွှန်းပေးတာ ကျေးဇူးပါနော်။ ဝက်ဝံရုပ်ကြီး လာလုမယ်။ တံခါးပြင်ထားပါ။ ဟိး)
မရမ်းသီးသုပ်ပဲလာ မသက်ဝေ ...ေ၇မွှေးရော မကြိုက်ဘူးလား ...
ReplyDeleteအလင်းစက်များ မုန့်ဟင်းခါး စားချင်လျှင် စင်္ကာပူကို လေယာဉ်စီး လာပါ။
မီရေ ... ရေမွှေး ပုလင်းကတော့ နေ့တောင် ကူးမသွား ရှာဘူးကွဲ့ ... အပေါ်က ဟမ်ကို သိသလိုလိုပဲ ... မုန့်ဟင်းခါးတော့ ခုထိ လွမ်းနေ၇တုန်း ..... ၀က်ဝံကောင်ကြီးကို မခွဲနှိုင်သေးလို့ ချမ်းသာပေးပါ ညီမရယ် ...
အချစ်များရင်ထဲမှာ..
ReplyDeletelink တွှေအများကြီးမဘဲ အအအောက်မှာဖြစ်သွားတယ် ဘာဖြစ်လို့လဲသမိဘူး ဘာမှ လဲမလုပ်ပါဘူး အရင်အတိုင်းပါဘဲ. ကိုဂီလဲ အရင်တုံးက အဲသလိုဖြစ်ဘူးတယ် သူသွားခဲသမျှမှာ အဲသလိုဘဲ အရှည်ကြိးဘဲ ကျန်ကျန်ခဲ့တယ် ခွင့်လွတ်ပါနော် တို့လဲ မလုပ်တတ်ဘူး.။ သူ့ဘာသာသူဖြစ်သွားတာ...
ReplyDeleteGood to see your popular links here. I can enjoy reading all. Thanks Ma Ma.
ReplyDelete