Tuesday, April 19, 2011

သင်္ကြန် မှတ်တမ်း

ဆင်ဘာဝမ်း သင်္ကြန်ကပဲ စလိုက်ကြပါစို့။

စနေနေ့ ည ကတည်းက ရောက်သွားတယ်။ စတုဒီသာ အတွက် ချက်နေလိုက်ကြတာများ လူစု လူဝေးနဲ့ ပျော်စရာ။

ဒါကြောင့်ပဲလားမသိ။ ရဲကားတွေတောင် ရောက်လာတယ်။ တာဝန် ရှိသူတွေကို မေးမြန်းပြီး ပြန်သွား ကြလေရဲ့။




အရိုးကို အရွက် မဖုံးစေနဲ့ ... သို့သော် ဘီယာကို ရေခဲ ဖုံးပါစေ။ ဟင်းချက်နေသူများ အတွက် အားဖြည့် အချိုရည်။

နှစ်ဆန်း တစ်ရက်နေ့မှာ ငါးလွှတ်ဘို့ စီစဉ်ကြတယ်။ အလှမွေး ငါးတွေ ရောင်းတဲ့ ဆိုင်မှာ ငါးကြီးတွေ အစာ အဖြစ် ငါး အသေးလေးတွေ ရောင်းတယ်။ တစ်ထုပ်ကို $2 ... တိုက်တိုက် ဆိုင်ဆိုင် တနင်္ဂနွေနေ့ ဆိုတော့ မထင်မှတ်ပဲ လူအုပ် တောင့်သွားတာပေါ့။

Khatib MRT နားက Lower Seletar Reservior Park ကို သွားကြတယ်။ ရေနက်ထဲကို လွှတ်လိုက်ရင် ငါးကြီးတွေ ချက်ချင်းရောက်လာပြီး စားသွားတတ်လို့ ရေတိမ်ဘက် ဆင်းပြီး ငါးလေးတွေကို လွှတ်လိုက်တယ်။

ရေစပ်နားမှာ ကူးနေကြတဲ့ ငါးလေးတွေ ၊ ရေမှော် စားနေကြတဲ့ ငါးလေးတွေ ... ခဏ ကြာတော့ ခင်ရာ မင်ရာ အုပ်စုဖွဲ့ ... တစုပြီး တစု ရေနက်ဘက်ကို ကူးသွားကြရော။ ဘေးရန် ကင်းကြပါစေ။ ဆက်လက် အသက် ရှင်သန်နှိုင်အောင် ကြိုးစားကြပါ။

မြန်မာ နှစ်ဆန်း တစ်ရက်နေ့မို့ မြန်မာ လဘက်ရည် ကောင်းကောင်း သောက်ကြရအောင်လို့ အဆိုပြုကြ၊ မဲခွဲ ဆုံးဖြတ်ကြနဲ့ နောက်ဆုံး ပင်နီစူးလားကို ရောက်လာကြတယ်။ မြန်မာ လဘက်ရည် စစ်စစ်၊ ပဲပြုပ် ဆီထမင်း၊ စမူဆာ၊ စမူဆာသုတ်၊ ကတက်ချဉ်သုတ်၊ ဆိတ်ကလီဇာ၊ စားတာတွေ ဓါတ်ပုံ မရိုက်ခဲ့ရဘူး။ ရိုက်နေရင် ကိုယ့် ဝေစု ကုန်သွားမှာကိုး။

အချိန်တွေ ရှိသေးတယ်။ Esplanade ဘက် ဆက်ကြဦးမယ်။ မြန်မာတွေ စုဝေးရာ မြို့ တော် ခန်းမရှေ့ က မြက်ခင်းပြင်။

အဲဒီကနေ တဆင့် Esplanade... ပြီးတော့ တံတား အလိမ်ကို ဖြတ် ... Marina Bay Sand ဆီသို့။

အမော ဖြေရင်း ... လေဆာ ရေပန်း အက ကြည့်ရင်း ... ကိုယ့်ရဲ့ ၂၀၁၁ သကြန် ကာလ ပျော်စရာများကို မှတ်တမ်းတင်ရင်း ...

စာရှုသူ အားလုံး နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ။



မချို (ပန်းခရမ်းပြာ)
Photo: ပန်းခရမ်းပြာ

8 comments:

  1. အရိုးကို အရွက် မဖုံးစေနဲ့ ... သို့သော် ဘီယာကို ရေခဲ ဖုံးပါစေ... ဆိုတာကို သိပ်ကြိုက်သွားတယ်... မချို လူနောက်...

    မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ...း))

    ReplyDelete
  2. မင်္ဂလာ နှစ်သစ်ပါ မသက်ဝေ ...အယ်ကိုဟော ဖရီးဇုံလေ ... ဘီယာကို ရေခဲနဲ့ ဖုံးပြီး ဖွက်ထား၇တာ ..

    ReplyDelete
  3. တွေ့လိုက်တယ်လို့ ထင်တာ သူကိုး

    ReplyDelete
  4. မချိုရေ.. ဆမ်ဘာဝမ်းသင်္ကြန်မှာ ညီမလဲရှိနေတယ်လေ.. စနေနေ့ညကတည်းက.. မတွေ့လိုက်ရဘူးနော်.. :)

    ReplyDelete
  5. ပျော်စရာကြီးပဲနော် .. Happy New Year ပါ..
    မချို့တို့က အုပ်စုတောင့်တယ်..
    ငါးသေးသေးတွေကို ရေထဲလွှတ်ရင်း ငါးကြီးကြီးတွေကို အစာကျွေးရင်း ကုသိုလ်နှစ်ဆယူခဲ့ကြသည် ပေါ့ :P

    ReplyDelete
  6. Anonymous ... နောက်တခါ တွေ့လို့မှ လာမနှုတ်ဆက်ရင် အားကြီး စိတ်ဆိုးတယ်။


    မြူးရေ ... စနေနေ့ည ကတည်းက လူတွေ များနေတာ ... ဘယ်လိုရှာရပါ့ ... မြူးကိုတော့ တွေ့ဘူးချင်သား။


    ညီမလေး မီ ပြောမှပဲ နဲနဲ ရင်ထိတ်သွားတယ်။ ကုသိုလ်လေး တစ်ဆပဲ ယူပါရစေကွယ် ... ငါးခေါင်းဟင်းတောင် ခုရက် အတွင်း မစားရက်တော့ဘူး ... အဟဲ ... BTW (daily like) ကို ရေးဘို့ ကြိုးစားနေတယ်။ မကြာခင် လာမည်။

    ReplyDelete
  7. ဟုတ်ကဲ့အစ်မ.. ကျီစားတာပါ =)
    အစာကျွေးတဲ့ ငါးသေးသေးတွေ သနားလို့ မွေးစားထားသေးတယ်။ တချို့အလှမွေးငါးတွေက လူမှမမွေးရင် သဘာဝထဲမှာ မရှင်တော့ဘူး.. ပေါ်လုရှင်းနဲ့ လိုက်ရှင်းကုန်ပီတဲ့..

    ReplyDelete
  8. ဟုတ်တယ် မီရေ ... အစာကျွှေးတဲ့ ငါးသေးလေးတွေက အရမ်း သနားစရာ .... အလှမွေး ငါးတွေကျပြန်တော့လည်း သူတို့ဘာသာ ရှာမစားတတ်ကြဘူးပေါ့။

    ReplyDelete