Tuesday, March 22, 2011

နေပြည်တော်သို့ ဘတ်ဂျက် ခရီးစဉ် (၂)

နောက် တနေ့မှာတော့ ရုံးကိစ္စ ရှိတဲ့သူတွေ အပြင်သွားဘို့ ပြင်ကြတယ်။ Taxi ငှားလို့ရတာနဲ့ပဲ အပြင် လိုက်သွားဖြစ်တယ်။ ကားခကတော့ တစ်နာရီ ကျပ်တစ်သောင်းခွဲ တိတိပဲ။ ရေပန်းဥယျာဉ် ရှေ့  မှာ ကားကွေ့ဘို့ ခဏ ရပ်နေတုန်း အမှီ ရိုက်လိုက်ရတဲ့ ပုံပေါ့။


မြို့ တော် ခန်းမ ရှိတဲ့ ရုံးဝင်းကြီးက အစပြုလို့ ဘယ်ရုံး ဝင်ဝင် … မှတ်ပုံတင် ထားခဲ့ ဆိုတာချည်းပဲ။ မြို့ တော် ခန်းမကို ဓါတ်ပုံ ရိုက်မယ်ဆိုတော့ အတူ ပါလာတဲ့ သူတွေက မျက်နှာ ပျက်နေကြပြီလေ။ ထားလိုက်ပါတော့။

အလွန်တရာ ရင်းနှီးခဲ့ဘူးတဲ့ စက်မှု(၁) ဆိုတာတော့ မှတ်ပုံတင် အပြင် တယ်လီဖုန်းပါ ထားခဲ့ရမယ်တဲ့လေ။ တော်သေးရဲ့ အိတ်ထဲက ကင်မရာကို တပြပြ မလုပ်မိပေလို့။

ရုံးထဲ ရောက်တော့ ဖတ်စရာ မှတ်စရာတွေ များလှချည်ကလား။ ဆောင်ရန် ရှောင်ရန် စာတို စာရှည်တွေ နေရာ အနှံ့ ကပ်ထား လိုက်တာများ စင်္ကာပူက အိမ်သူကြီးတွေ ထက်တောင် ဆိုးသေး။

တယ်လီဖုန်းတောင် အထဲ မယူရတာ ဓါတ်ပုံရိုက်ဘို့ ဝေးရော။ စိတ်ထိန်းပါ ဘလော်ဂါ။

သို့သော်လည်း အကြိမ်ကြိမ် မဖတ်ရလို့ တားမြစ်ထားတာ မတွေ့တော့ ဖတ်မိပေသပေါ့။ နေရာ အနှံ့မှာ တွေ့နေရာကိုး။

ကြိုက်လွန်းလို့ စိတ်ထဲက အလွတ်ကျက်လာတဲ့ စာတမ်း တချို့က ဒီလို ….

“ မိမိနှင့် မဆိုင်သည်ကို မသိချင်နှင့်
သိရန် မကြိုးစားနှင့်
သိဘို့ လိုလျှင် လာပြောမည် ” ….

“ မသမာ သူများသည်
မိမိတို့၏ သတင်းများကို
စုံစမ်းနေသည် ” ….



(အပိုင်း-၃ မှာ ရန်ကုန် ပြန်ရောက်ပါတော့မယ်။ လမ်းခရီး တလျှောက် ရင်သပ် ရှုမော အံ့သြဘွယ် အတွေ့ အကြုံများကို ဆက်လက် အားပေးကြပါဦး။)



မချို (ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ

10 comments:

  1. ဒီအပိုင်းက တိုထှာ ... ရှည်ရှည်ရေးမယ့် အပိုင်းတွေကို စောင့်နေပါတယ်ဗျို့ B-)

    ReplyDelete
  2. တယ်မိုက်တဲ့စာတမ်းလေးတွေပါလား.. စလုံးက အိမ်သူကြီးတွေရဲ့ စာတမ်းတွေထက် တကယ်သာပါတယ်ဗျာ.. အိမ်မှာတော့ စာတမ်းမကပ်ဘူး.. အမြင်မတော်ရင် အော်ထည့်လိုက်တာပဲ.. နေကြတာက သူငယ်ချင်းတွေချည်းဆိုတော့ စာတမ်းမလိုဘူးလေ.. ပါးစပ်ရှိရင် အလုပ်ဖြစ်တယ်..း)

    ReplyDelete
  3. nice post sis.. waiting for more.. :D

    ReplyDelete
  4. သဘောကျတယ်..မချို............ကူးယူသွားမယ် mm/

    “ မိမိနှင့် မဆိုင်သည်ကို မသိချင်နှင့်
    သိရန် မကြိုးစားနှင့်
    သိဘို့ လိုလျှင် လာပြောမည် ” ….

    “ မသမာ သူများသည်
    မိမိတို့၏ သတင်းများကို
    စုံစမ်းနေသည် ” ….

    ReplyDelete
  5. အားပေးတာ ကျေးဇူးပါ ခပ်မြင့်မြင့် ... ဇာတ်သိမ်းပိုင်းကို ရှည်ရှည်ရေးမှာပါ။ စိတ်ချ။

    မြူးမြူး ရေ ... ညီမရဲ့ အိုင်ဒီယာကို သဘောကျတယ်။ အော်လိုက်ရုံပဲ ဆိုလို့။ အစ်မတို့ အိမ်မှာတော့ စာတမ်းတွေ ရှိတယ်။ မအော်ရဲဘူး။ အဲလို သတ္တိ ကောင်းတာ။

    Anonymous .... အားပေးတာ ကျေးဇူးပါ။ တတိယပိုင်းကို အမြန် ရေးပါမယ်။

    မွန်ရေ ... အဲဒီ စာတမ်းတွေကို ဘယ်မှာများ ကပ်မလို့ပါလိမ့် ။ သိချင်နေတယ်။

    ReplyDelete
  6. "မိမိနှင့် မဆိုင်သည်ကို မသိချင်နှင့်
    သိရန် မကြိုးစားနှင့်... သိဘို့ လိုလျှင် လာပြောမည်"

    တကယ်မိုက်တယ်ကွာ... ရေးပြီး ရုံးမှာ ကပ်ထားရင်ကောင်းမယ်...

    ReplyDelete
  7. ဇတ်သိမ်းပိုင်းကလဲ မရှည်ဘူး. ဟင်း။

    ReplyDelete
  8. ဆက်ပီါဦး။

    ReplyDelete
  9. ဘလော့ဂါပန်းခရမ်းပြာကိုချက်ချင်းလွှတ်...
    အဲလိုဝိုင်းပြီးတောင်းဆိုကြမှာ..မပူနဲ့..
    ရိုက်သာရိုက်တပုံပြီးတပုံ...

    ReplyDelete
  10. ရက်စက်ပါ့ ရရ ရယ် ....

    ReplyDelete