Tuesday, March 15, 2011

တနင်္ဂနွေ

တနင်္ဂနွေနေ့က Suntec City ကို သွားတယ်။ IT Show နောက်ဆုံးနေ့ ဖြစ်နေပြီ။ ရန်ကုန်ကို ပို့ဘို့ ကွန်ပြူတာ ၀ယ်ချင်တာရယ် ... ညီမတော်က ကင်မရာ လိုချင်တာရယ်ကြောင့်ပါ။ ထင်တဲ့ အတိုင်းပါပဲ။ များလိုက်တဲ့ လူတွေ .... လူတွေ ။ အပေါ်ထပ်တွေမှာ လူသိပ်များလွန်းလို့ စက်လှေခါးတိုင်း မှာ ရဲတွေ စောင့်နေရတယ်။


လေးထပ်ကို ရောက်တော့ ပိုမောသွားတယ်။ စောစောကထက် ပိုများတဲ့ လူအုပ်ကြီး။ အသံချဲ့စက်နဲ့ အော်နေတာတွေလည်း နေရာအနှံ့ ။ ကြော်ငြာတွေလည်း လက်ထဲမှာ ပြည့်နေပြီ။

ဟိုနေရာက ဈေးချနေတာကို တိုးဝှေ့ နားထောင်လိုက်။ ဒီနေရာက အော်ဟစ် ကြော်ငြာနေတာများ ပိုကောင်းမလား သွားကြည့်လိုက်နဲ့ .... အတော် ခြေညောင်း ခေါင်းကိုက်လာရော။

ဝယ်ဘို့ အစီစဉ်ကို လက်လျှော့ ... ထွက်ပေါက်ကို ရောက်အောင် ကြိုးစားပြီး ပြန်ဆင်းမယ်ပေါ့။ လှေခါး ရောက်တော့လည်း စုပြုံ တိုးရပြန်ရော တခါ။

သုံးထပ်ရောက်တော့လည်း ဆိုင်းဘုတ်ကြီးတွေက ဆွဲဆောင်အား ကောင်းလွန်းတယ်။ Branded Slaes တွေ ပါတဲ့။ ရောက်မှတော့ ၀င်ကြတာပေါ့။

IT Show သွားပြီး လက်ချည်းပဲ ပြန်လာတယ် မထင်ပါနဲ့။ ၀ယ်ခဲ့ပါသေးတယ်။ ရေဗူးနဲ့ ခြေအိတ်။

အောက်ဆုံးထပ် ရောက်တော့ ခြေထောက်တွေ တောင့်နေပြီ။ အနီးဆုံး ထွက်ပေါက်ကနေ အပြင်ထွက် ပလက်ဖေါင်းလို နေရာမှာ ထိုင် အမောဖြေမိတယ်။ အကြံတူသူတွေမှ အများကြီး။ နှစ်နေရာစာ ရဘို့တောင် မနည်းလုနေရသေးတယ်။

အညောင်းပြေတော့ ညစာ စားချိန်တောင် ရောက်နေပါပေါ့လား။ ဒီအတွက်လည်း အဆင်သင့် ... Fish & Co က $20 ဘောက်ချာ နှစ်စောင် ရထားတာ ရှိတယ်။ နှစ်ယောက်တည်းဆို ပိုတောင် ပိုနေဦးမယ်ပေါ့။

စားချင်တာတွေကပဲ များနေလို့လားမသိ။ Bill ရှင်းတော့ နောက်ထပ် $14 ထပ်ပေးရောက်ပါရော။

MRT ကို အသွား City Link ကိုရောက်တော့ ၉ နာရီလောက် ရှိနေပြီ။ ရထားပေါ်မှာ မျက်စေ့ မဖွင့်နှိုင်တော့ဘူး။ Fish & Co က စားထားတာတွေက သတ္တိပြလာပြီးကိုး ... ။

မချို (ပန်းခရမ်းပြာ)

Photo: ပန်းခရမ်းပြာ


5 comments:

  1. မချိုကတော့စံပါပဲ.. အိုင်တီရှိုးကို ခြေတိုအောင်လျောက်ပြီး ၀ယ်လာတော့ ရေဗူးနဲ့ခြေအိတ်တဲ့လား.. ထူးဆန်းပါပေ့နော်..

    ReplyDelete
  2. စားချင်တာတွေ များနေလို့ ဟုတ်ပါဘူး...
    10% Service Charge + 7% GST...
    ဒီတော့ နှစ်ယောက်တည်းစားတာကို ၄၀ နဲ့ မလောက်တော့ဘူးပေါ့...

    ReplyDelete
  3. အဖြစ်ကတော့ အဲဒါပဲ မြူးမြူးရေ့  ... ခေါင်းကိုက် မျက်စေ့နောက်ပြီး ၀ယ်ချင်စိတ် ပျောက်ရော ...

    မသက်ဝေ ... set meal ဖြစ်အောင် ထပ်ဖြည့်လိုက်မိတာ ဆိုးသွားတယ် ... ခုတော့ တစ်ကီလို တိတိကြီးများတောင် ချက်ချင်း ဝိတ်တက်သွားပြီ။

    ReplyDelete
  4. မောပေမယ့် ပျော်စရာကောင်းခဲ့တဲ့ အစ်မချိုရဲ့ တနင်္ဂနွေနေ့လေးကို ငေးမောသွားပါတယ်း)

    ReplyDelete
  5. ကျေးဇူးပါ ညီမ ရွှေပြည်သူ ..

    ReplyDelete