ရန်ကုန် ပြန်ဖြစ်တယ်။ ဖေဖေါ်ဝါရီလဆို လေယာဉ်လက်မှတ် ခက်လွန်းလို့ သုံးလ ကြိုတင် ဘွတ်ကင်း လုပ်ထားရတာ။ မပြန်ခင် တစ်ပတ် လုံးလုံး မိုးတွေ ရွာလိုက်တာ နေ့စဉ် ရက်ဆက်ပဲ။
ပြန်မဲ့ နေ့မှာ မိုးလွတ်ကောင်းရဲ့လို့ ထင်တာ မှားပါလေရော ။ သည်းလိုက်တဲ့မိုး ...။ ခက်ခက် ခဲခဲ ဘွတ်ကင်း လုပ်ရတဲ့ တက်စီနဲ့ပဲ လေဆိပ် ရောက်သွားတယ်။ ပြန်ချင်ဇော ကပ်နေတော့ မောရမှန်း မသိဘူးပေါ့။
ရန်ကုန်အိမ်မှာ အင်တာနက် မရှိ၊ TV အစီစဉ်တွေ မကောင်းနဲ့ ပျင်းစရာကြီး ထင်နေတာလည်း မှားပါပေါ့ တခါ။ နေ့လည်ခင်း ခဏ အိပ်ဘို့ အချိန်လေးတောင် မနည်း လုနေရတယ်လေ။
အဖေနဲ့ အမေ နှစ်ယောက်ထဲ နေတဲ့ အိမ်မှာ မောင်နှမတွေ ဆုံ ..တရုန်းရုန်း ၀င်လိုက်၊ ထွက်လိုက် ... စားလိုက်ကြ၊ သောက်လိုက်ကြ၊ ရယ်လိုက်ကြနဲ့ ...။ ကြောင် ၆ ကောင်လည်း ရှိသေး။
လူတယောက် ခြေနှစ်ချောင်း၊ ကြောင်တကောင် ခြေလေးချောင်း၊ .... ဘယ်လောက်တောင် ခြေချင်း လိမ်နေမလဲဆိုတာသာ မြင်ယောင် ကြည့်ပါတော့။
ခုတော့ ဒီ အပျော်တွေကို ခဏ ထားခဲ့ရပြီ။ စင်္ကာပူ ပြန်ရောက်၊ ဘလော့ဖွင့်၊ စာတွေ လိုက်ဖတ်ရင်းနဲ့ ဘာမှန်း မသိ၊ နားမလည်တာ တခု တွေ့တယ်။ ဘလော့ ၀ဲစွဲတယ်တဲ့ ။
Wesheme side bar က ပန်ဒိုရာရဲ့ ပို့စ်ကို တွေ့မှ အလန့်တကြား ဖြစ်ရော။ Malware တွေ ရှိနေတယ် ဆိုပါလား။ ညွှန်းထားတဲ့ အတိုင်း စစ်ကြည့် ၊ ရောဂါ မရှိဆိုမှ စိတ်အေးရတော့တယ်။ ကျေးဇူးပါ ပန်ဒိုရာ။
ရန်ကုန် ခရီး အကြောင်း ဆက်ရေးပါဦးမယ်။
မချို (ပန်းခရမ်းပြာ)
Photo: ပန်းခရမ်းပြာ
Wednesday, February 23, 2011
အိမ်ပြန် ခရီး
Subscribe to:
Post Comments (Atom)

မချိုတယောက် ပျောက်နေပါတယ်မှတ်တာ.. ရန်ကုန်ပြန်သွားတာကိုး..း)
ReplyDeleteဟုတ်တယ် ညီမရေ ... ရန်ကုန် အကြောင်းတွေ ဆက်ရေးဦးမယ်။
ReplyDeleteရန်ကုန်အကြောင်းတွေမျှော်နေပါမယ်။
ReplyDeleteအားပေးတာ ကျေးဇူးပါ ငွေစန္ဒာ
ReplyDeleteရန်ကုန်အကြောင်းတွေ ရေးမယ်ဆို...
ReplyDeleteများများရေး... မြန်မြန်ရေးနော်...
(လက်သွက်အောင် လာအားပေးတာ...)
ဟား .... ခုမှ တကယ် အားရှိလာပြီ ... ရေးတော့မယ် .... ရေး .... ရေးတော့မယ် ...
ReplyDeleteအိမ်?
ReplyDeleteဟုတ် ... အိမ် အစစ်ပါ။ အခုနေတာက အိမ် အတု ...
ReplyDeleteအော် တနေ့တော့ အိမ်ပြန်ရဦးမယ်။ မေ့တောင်နေတယ်။
ReplyDeleteအပေါ်က ရေးထားတာ ဖတ်လို့မရဘူး ... ဘာသာပြန် ပေးကြပါဦး
ReplyDeleteမြင့်သန်း
ReplyDeleteအင်း တနေ့တော့ အိမ်ပြန်ရဦးမယ် မေ့တောင်နေတယ်
အရှေ့က အကြွေးတောင်မကြေသေးဘူး နောက်အသစ်လာပြန်ပြီနော်
အော် ... ဒီလိုကိုး ...
ReplyDeleteဘာသာပြန်ပေးတဲ့ Anonymous နဲ့ ကိုမြင့်သန်း ကျေးဇူးပါနော် ..
ကြွေးထူတော့ မပူတော့ဘူးလေ။
အကြွေးရှိနေမှန်း ကိုယ့်စာဖတ်သူတွေ သိနေတာပဲ ဝမ်းသာနေတာ။
ယူနီကုတ်နဲ့ရေးထားတာဖြစ်မယ်
ReplyDeleteဖောင့်တော့မရှိပါဘူး common sence နဲ့မှန်းလိုက်တာ
တို့စိတို့စိသိပ်လုပ်တဲ့ ဘလော်ဂါပဲ
ဟမ် ... ဟောက်စား လုပ်ဘို့ချည်းပဲ ...
ReplyDeleteလူရင်းတွေမို့ သည်းခံလိုက်ပါ့မယ်လေ ...
ဘလော်ဂါ ထုံးစံတွေ မေ့ကုန်ပြီပေါ့ ...ဟုတ်လား။
သူများတွေ ရန်ကုန် အပိုင်း (၄၉) တဲ့နော်...