Wednesday, January 26, 2011

စားသောက်ဆိုင် ဖွင့်ထားတယ် ….

စိတ်ညစ် ပါရဲ့ နော် ....။ Facebook မှာ လယ်စိုက် ၊ အကောင်မွေး၊ ဓားပြတိုက် ရတာ ခြေကုန် လက်ပန်းကျသွားလို့ နားမယ် ကြံခါ ရှိသေး ... ။ ခုတမျိုး ရောက်လာပြန်ပြီ။


Android Market မှာ Restaurant Story တွေ့လို့ Download လုပ်မိပါတယ် ... အစပိုင်းမှာတော့ သိပ် စိတ်မပါဘူး။ စားသောက်ဆိုင်လေး ဖွင့် ... လူခြောက်ယောက်ထိုင် စားပွဲလေးနဲ့ ... မီးဖို နှစ်ဖိုနဲ့ ချက်လိုက် .... Customer တွေ ၀င်စားလိုက်နဲ့ .... အေးအေး ဆေးဆေး ပဲပေါ့ ...။

တရက်လောက် ကြာတော့ Level တက်လာပြီ ... ပိုက်ဆံလည်း အနည်းငယ် စုမိပြီ။ စားပွဲ ကုလားထိုင်တွေ ထပ်ဝယ်၊ ဆိုင်ချဲ့  ၊ မီးဖို အသစ်ဝယ်နဲ့ အခုတော့ ၁၄ယောက် တပြိုင်ထဲ စားလို့ ရသွားပြီ ...။

သူတို့ စားပြီးလို့ ပြုံးပြုံးလေး ထွက်သွားရင် စိတ်ချမ်းသာလို့ ... ။ မကျက်သေးလို့ စောင့်ရတာ ကြာလို့များတော့ မျက်နှာကြီးတွေ နီ ... စိတ်ဆိုးပြီး ထွက်သွားကြရင် စိတ်မောလို့ ... ။ အလျှင်မီအောင် ချက်လိုက်ရတာလေ။ အမြန်ဆုံး ကျက်တဲ့ ပေါ်င်မုန့် မီးကင်ကို မီးဖို တခုမှာ အဆက် မပြတ် တင်ထားရတာ။

လာစားတဲ့ သူတွေကလည်း အရင်ကထက် ပို ပိုများလာတယ်။ ချက်ထားပြီးသား အဆင်သင့် မရှိရင်ကိုပဲ စိတ်ပူ လိုက်ရတာလေ။ တခြား ကိစ္စတွေ ဘေးဖယ်ထား၊ အလျှင်မီအောင် အချိန်ကိုက် ချက်နေရတယ်။

ဝင်လာတဲ့ သူတွေကလည်း မစဲပဲ တသဲသဲ ... စားစရာတွေများ အသင့် ကျက်ပြီးသားရှိလို့ကတော့ ... စားနေလိုက်ကြတာများ အားရပါးရနဲ့ ... "စားကြ၊ စားကြဟဲ့ ... အများကြီး ရှိသေးတယ်" ... လို့တောင် ပြောမိနေပါလား ... ငါ့နဲ့နော် ....

သွားလေရာ ပါနေတဲ့ Hand Phone ထဲမှာ ဒီဆိုင် ရှိနေသ၍ ... ရုံးက Wi-Fi ခိုးသုံးလို့ ရနေသ၍ ... ဆိုင်ရှင်ခမျာ သနားစရာ ... ။ ဟော ... အခု ဒီစာ ရေးနေတဲ့ အချိန်မှာတင် သူတို့ ဒေါသထွက်ပြီး ပြန်ကုန်ကြပြီ။ စားစရာ ပြတ်သွားတာကိုး ... အမြန် ပြေးချက်ဦးမယ် .... နောက်မှ ဆက်ရေးပါရစေတော့ ...။



မချို (ပန်းခရမ်းပြာ)

Photo : ပန်းခရမ်းပြာ


14 comments:

  1. စွဲလမ်းမှု ပြဿနာပဲ ညီမရေ...
    ကိုယ်တော့ အဲဒီဂိမ်းတွေကို အဆက်ဖြတ်ထားတာ ကြာပြီ...
    ခြေဦး ပြန်မလှည့်ဖြစ်အောင်လည်း တော်တော်သတိထားရတယ်...
    စမိရင် လောဘတွေတက်ပြီး အဆုံးသတ်ရ ခက်လွန်းလို့...

    ReplyDelete
  2. အပေါ်က ဆရာလေးဟောတဲ့ တရားကို ကူနာသွားပါတယ်
    သာဓု သာဓု

    ReplyDelete
  3. model girl pet လေး မွေးထားတယ် :)

    ReplyDelete
  4. စားစရာ မရှိသေးရင် တံခါးကို ခုံနဲ့ပိတ်ထားလိုက် အမရေ

    :)

    ReplyDelete
  5. မသက်ဝေ လိုတော့ လောဘ မသတ်နှိုင်သေးဘူး ... ခုလေးတင် တမျိုး ထပ်ချက်လိုက်သေးတယ်။ မနက် ဆိုင်ဖွင့်ရင် အဆင်သင့် ဖြစ်အောင်လို့ .. အဟဲ ...

    Anonymous (၁) ပြောမှပဲ တရား သဘောတွေ ပါနေတာ သတိထားမိတော့တယ်။ မဆိုဘူး ... ကစားရင်း တရား ရနှိုင်သားပဲ ....

    ညီမလေးမီရေ ... အဲဒီ အကောင်လေး အကြောင်း ရေးပါဦးလား ... ဒါပေမဲ့ ဖတ်ချင်လျှက်နဲ့ ဖတ်လို့ မရဘူးကွယ် ... ဦးနီ ကြောင့် ... ဦးနီကြောင့် ...


    Anonymous (၂) တံခါးကို သော့ခတ်ထားတောင် ဘယ်လို ဝင်လာကြမှန်း မသိပါဘူး ... chef တယောက်လောက် ငှားချင်တယ်။

    ReplyDelete
  6. မမရေ
    ထောလဲဖွင့်ထားတယ်
    ထော အိုင်ဒီက avocadopp
    မမ အိမ်နီးခြင်းအသစ်ရခြင်ရင် invite လိုက်နော်
    :)

    ReplyDelete
  7. မမရေ
    ထောမှာလဲ ဆိုင်လေးရှိတယ်
    မမ အိမ်နီးခြင်းဖြစ်ချင်ရင် invite လိုက်လေနော်
    ထောလက်ဆောင်ပို့ပေးမယ်
    ထော id က avocadopp

    ReplyDelete
  8. မမရေ
    ထောလဲ စားသောက်ဆိုင်လေးဖွင့်ထားတယ်
    မမ အိမ်နီးခြင်းလိုရင် ထောကိုအင်ဗိုက်လိုက်လေနော်
    လက်ဆောင်ပို့ပေးမယ် :)
    id - avocadopp

    ReplyDelete
  9. ကျေးဇူး ညီမလေး ထော .... ဒါ ပထမဆုံး ရတဲ့ အိမ်နီးချင်းပဲ .... Invite လုပ်လိုက်ပြီ။ လက်ဆောင်များများ ပေးနော် ...

    ReplyDelete
  10. ဟုတ် လက်ခံလိုက်ပြီ မမရေ ပိုက်ပိုက်လဲပေးထားတယ် လက်ဆောင်လဲပေးထားတယ်
    ထောကမန့်တာမတက်ဘူးဆိုပြီး ၃ခါလောက်မန့်မိသွားတယ် ဆော်ရီးပါနော် အဲ့အတွက်

    ReplyDelete
  11. ကျေးဇူး အထူးပါ ညီမလေးရေ ... အရင်က အဲဒီလို စားပွဲတွေမှာ ဝါဝါ အတုံးလေးတွေ တွေ့နေတာ ဘာမှန်း မသိဘူး ... ခုတော့ ကိုယ့်စားပွဲတွေမှာ လှလှ ပပလေးတွေနဲ့ .. ကျေးဇူးပဲနော့် ..

    ReplyDelete
  12. အမမှာတော့ cafe world ရယ် ၊ restaurant city ရယ် စားသောက်ဆိုင် ၂ ခု ဖွင့်ထားတယ်။ လယ် ၂ ခု စိုက်တာရယ် အကောင်မွေးတာရယ်၊ အပန်းဖြေကျွန်းတွေရယ်ဘက်တောင် သိပ်မလှည့်နိုင်တော့ဘူး။ သနားစရာနော်...
    အမခင်မင်းဇော်

    ReplyDelete
  13. :)
    ကစားတိုင်း မမစားသောက်ဆိုင်ကို အမြဲသွားတယ်
    ထော

    ReplyDelete
  14. မမ ခင်မင်းဇော်ကို အားကျလိုက်တာနော် ... ဒီမှာ တစ်ဆိုင်ထဲတောင် မနိုင်ဘူး ...

    ထော ညီမလေး ... လက်ဆောင်တွေ .. tip တွေ အတွက် ကျေးဇူး အထူးနော် .. အစ်မ ဖုန်းမှာ မြန်မာစာ ဖတ်လို့ မရလို့ ညီမလေး ရေးခဲ့တာတွေ ဖတ်မရဘူး ..

    ReplyDelete