Thursday, February 19, 2009

လူပျင်း ဟင်းချက်နည်း

အခုတလော အချိန် အတော် ဆင်းရဲနေတယ်။ သွားစရာ လာစရာတွေ များနေတာကိုး။ ဒီကြားထဲ အလုပ်ကနေ အိမ်ပြန်ရောက်ရင် ညစာကို ချက်လိုက်သေးတယ်။ ဖေဖေက ညစာကို လူစုံအောင် စောင့်ပြီးမှ တ၀ိုင်းတည်း စုစားတတ်လို့လေ။

အရင်ကတော့ အလုပ် အပြန် ဟိုဝင်ဒီထွက် ... အိမ်နားရောက်မှ ထမင်းဆိုင်က ဖေါ့ဗူးလေးနဲ့ဝယ် ... အိမ်ရောက် ... TV ရှေ့ ထိုင်စား လိုက်တာပဲ။

ခုတော့ အဲဒီလို လုပ်လို့ မဖြစ်တော့ဘူး။ ရုံးဆင်းတာနဲ့ အိမ်တန်းပြန် ... အမြန် ဟင်းချက် ... စုစားနဲ့ ... ခုမှ အိမ်နဲ့ တူတော့တယ်။

ချက်ချိန် သိပ်မရှိတော့ ခပ်မြန်မြန်နဲ့ အလွယ်ချက်လို့ ရမဲ့ ဟင်းတွေပဲပေါ့။ ဒီအထဲမှာ ၀က်သားနီချက်ကတော့ အလွယ်ဆုံး။ အလွယ် ဟင်းချက်နည်း တစ်ခု စမ်းသပ် အောင်မြင်သွားပြီ ဆိုပါတော့။


ကိုယ်တိုင်စားကြည့် ... ကောင်းပြီဆိုမှ စိတ်ချ လက်ချ ဓာတ်ပုံ ရိုက်လိုက်တယ်။ ဘ၀တူတွေကိုလည်း ဟင်းချက်နည်း မျှချင်လို့။



ဝက်သားကို ဆား၊ ပဲငံပြာရည် အနောက်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ တို့နဲ့ ရောနယ်ထား လိုက်တယ်။ အိုးထဲမှာ ရေဆူအောင်တည်၊ ထုထားတဲ့ ကြက်သွန်ဖြူကို ထည့်၊ အိုးအဖုံးကို မပိတ်ဘူး။ တောက်လျှောက် ဖွင့်ထားတယ်။

ကြက်သွန်ဖြူ နဲနဲနွမ်းလာရင် ထောင်းထားတဲ့ ဂျင်းကိုထည့်၊ ခဏ အကြာ လေးစိတ်စိတ်ထားတဲ့ ကြက်သွန်နီကို ထည့်၊ ဆီထည့်ပြီး ကြက်သွန်နီ နဲနဲ ကျက်သွားတဲ့ အထိစောင့်တယ်။ ပြီးတော့ ၀က်သားကို ထည့်၊ အဖုံးဖွင့်လျှက်ပဲထား၊ ငါးမိနစ်လောက် ကြာရင် အဖုံးပိတ် မီးလျှော့ထားလို့ ရပြီ။

ဟင်းချက်တဲ့ အိုးက မြေအိုးကို စဥ့်ရည် သုတ်ထားတာ ဆိုတော့ ရေရှိနေရင် မကပ်ဘူး။ အနားမှာထိုင် စောင့်ကြည့်နေစရာ မလိုဘူးပေါ့။ အဲဒီ အချိန်မှာ TV ကြည့်လို့ရတယ်။ ဖုန်းပြောလို့ ရတယ်။ သတိနဲ့ ဘလော့ ၀င်လည်လို့တောင် ရသေးတယ်။ သတိလွတ်သွားရင်တော့ တူးကုန်မှာနော ...။

ဝက်သားနူးခါနီးမှာ အားလူးလေးတွေ စိတ်၊ ဆားနယ်၊ အိုးထဲ ထည့်၊ အဖုံးအုပ်ထားလိုက်တယ်။ ရေကုန် ... ဆီပြန်အောင် တည်ပြီးတဲ့ အခါ ... သေသေချာချာ ဆီသတ် ချက်ထားတာနဲ့ အရသာနဲ့ အတူတူပဲ။

ကိုယ့်ဖာသာ အားပေးရသေးတယ်။ ဘာမှ မစဉ်းစားနဲ့ အ၀စားပါပေါ့နော်။ ၀ိတ်ချဘို့က နောက်အစီစဉ် ...။



ပန်းခရမ်းပြာ

18 comments:

  1. မချို ကျေးဇူးပဲ ချက်ကြည့်ဦိးမယ်။ မချိုက ကုသိုလ်ကောင်းတယ်နော် ဖေဖေ့ကို လောလောဆယ်မှာ အနီးကပ် ပြုစုရတာ။

    ReplyDelete
  2. ကောင်းမဲ့ပုံဘဲ။ ဒါကတော့ဖြစ်နိုင်တယ်။ နီးစပ်တယ်။ အရင်ဆုံး ထပ်ဝယ်ရမဲ့စာရင်းကို ပြူစုသွားရမယ်။ ပြီးမှ တစ်ခေါက်လာပြိးစာရင်းမှတ်သွားဦးမယ။် မဟုတ်ရင် ပုဇွန်ကြော်ကြီးဘဲဖြစ်နေတယ။်

    ReplyDelete
  3. အရောင်ကလည်းလှတယ်
    အနံ့ကလည်းမွေးတယ် (စိတ်ကူး)
    ပန်းကန်ကိုလျှံနေအောင်ချက်တယ် (ပိုရင်ယူမယ်)
    စားချင်စဖွယ်လေးပါ။

    ReplyDelete
  4. အဖေလာတုန်း လက်စွမ်းပြတီးလုံးများ ပြနေတာပေါ့လေ သာဓုပါဗျာ.... ဟင်းချက်ကောင်းတော့ လမ်းကြုံမှ ရီရွှန်းအထိ လာလည်စားဦးမယ်။ တလောက ဗမာသတ်ခံထိတဲ့ ဘူးကစ် ဆန်တိုစာနဲ့ နီးလား မရောက်တာကြာပြီ ဆိုတော့ နာမည်တွေ ရပ်ကွက်တွေ မေ့နေလို့၊ သတိလဲ ထားဦးနော် စလုံးလဲ လူစုံလာတော့ စရိုက်တွေစုံလာတယ် ညီမလေးရေ။

    ReplyDelete
  5. စားနိုင်တာ၊အလှတပါးတဲ့၊စားသာစားပါ။/But...........

    ReplyDelete
  6. အဲ တယ်ဟုတ်ပါလား ကြည့်ရတာ တော်တော်ကောင်းမဲ့ပုံပဲ။

    ReplyDelete
  7. တော်လိုက်တာဗျာ ၊၊

    ReplyDelete
  8. ဝက်+ အာ...........ပေါ့

    ReplyDelete
  9. လူပျင်းဟင်းချက်နည်းမို့တော်တော့တယ်။
    ဟင်းပန်ကန်ကလှပြီးစားချင်စရာကြီး။း)
    မြူးသျှရီ

    ReplyDelete
  10. မှတ်သွားတယ် မချိုရေ...ပြန်ချက်ကြည့်ဦးမယ်..မချိုပြောတဲ့ လူပျင်းဟင်းချက်နည်း (၀ါ) လွယ်ကောင်းချက်နည်းတွေ များများတင်ပါ..ဟဲဟဲ..

    ReplyDelete
  11. ရှင်ရဲထွတ် … ကျေးဇူးတင်ရင် ဟင်းတစ်ခွက် ပို့လိုက်ပါ။
    (ဆရာစားချန် လိုက်တာ ... အဟိ)

    မမKOM ... နီးစပ်ရမယ်လေ။ ရင်တွင်းဖြစ် .အဲ ... လက်တွင်းဖြစ်တွေ။
    စာရင်း အတိုင်းစုံ ပြီလား။ ချက်ပြီးရင် ပုံလေးတင်ပါဦး။

    Welcome ကိုဝင်းဇော် ... ကွန်မန့်က ကဗျာလေး တစ်ပုဒ် လိုပဲ။
    ကိုယ့်ပို့စ်အကြောင်း ကဗျာဆိုတော့လည်း ပိုဖတ်လို့ကောင်း ... အဟဲ ...

    ဒူကဘာ … လာစားမယ်ဆိုလို့ ၀မ်းသာလိုက်တာ။ စိတ်ချ လက်ရာကောင်းနဲ့ ကြုံစေရမယ်။
    ဒါပေမဲ့ BYOB နော် .. Bring your own bottle … ဟားဟား ...
    ဘူးဂစ်ဆန်တိုစာ ကတော့ စင်္ကာပူမှာ မဟုတ်ဘူး။ ဂျိုဟိုးမှာလို့ ထင်တာပဲ။ သတိပေးတာ ကျေးဇူးနော ...။

    weik.zar … စားနိုင်တာ အလှ တပါးတဲ့လား။
    အလှဘုရင်မဖြစ်ချင်ရင် များများစားရမယ်ပေါ့။

    ပုံရိပ် … မီးဖိုထဲမှာ ဒေါင့်စုံက ရိုက်ပြီး အကောင်းဆုံးပုံ ရွေးတင်လိုက်တာလေ။
    အိမ်သားတွေ အားလုံးကတော့ မျက်စေ့နောက်နေပြီ။

    Republic ကိုလစ် ... မနက်ဖြန် ထပ်ချက်ဦးမှာ။ (တော်ပါတယ် ဆိုမှနော်)

    sin dan lar … ၀က် + အာ +++ (+) တွေ အများကြီး ပါသေးတယ်။ စင်္ကာပူက စားသောက်ဆိုင်တွေလိုပေါ့။

    မြူးသျှရီ … ဟင်းပန်းကန်လေး ပို့ပေးချင်တယ်။ ဘယ်ကိုလိုက်ရမှာလဲ။

    tg.nwai …. ချက်ပြီးလို့ ထပ်ကောင်းအောင် မွမ်းမံရင်လည်း လက်တို့ ဦးနော်။
    နောက်ပို့စ်တွေမှာ မသိင်္ဂိ ပေးတဲ့ နာမည် လွယ်ကောင်း ချက်နည်းလို့တောင် ခေါင်းစဉ် တပ်ချင်လာပြီ။

    ReplyDelete
  12. ပုံကြည့်တာနဲ့ သရေယိုတယ် အမချိုရေ... :)

    ReplyDelete
  13. 8 Feb 10, 20:42
    Shine: အဲဒါလေး ကျေးဇူးပြုပီးတော့ မချို အားတဲ့အချိန်လေးမှာ ပြန် ပြောပြပေးစေချင်ပါတယ် ခင်ဗျာ လေးစားအားပေးလျက်ပါ Shine

    8 Feb 10, 20:41
    Shine: ကြက်သွန်နီ ထည့်ပီးနောက်ပိုင်း နားမလည်သလိုဖြစ်သွားလို့ အစောပိုင်းက ပြောတဲ့ ရေထည့်ပီးတည်ထားတဲ့ အိုးထဲကိုပဲ ဆီထပ်ထည့်ပီး ဆီသပ် နောက်တော့ ၀က်သားထည့်ရမှာကို ပြောတာလားဗျာ
    8 Feb 10, 20:40
    Shine: မမချို ခင်ဗျာ လူပျင်းဟင်းချက်နည်း မှာ မရှင်းတာလေးတခု မေးပါရစေလား

    **********************************


    Cbox မှာ မေးသွားတဲ့ Shine ကို ဒီမှာပဲ ဖြေပေးလိုက်ပါ့မယ်။
    ရေပမာဏ ဘယ်လောက်ထည့်ရမယ် ဆိုတာ မရေးမိလိုက်ဘူး။ ဝက်သားမြုပ်ရုံလောက် ရှိနှိုင်မဲ့ ရေကို အရင်ဦးဆုံး အိုးထဲထည့်ပါတယ်။ ရေပွက်ပွက် ဆူနေတဲ့ အထဲကို တခုပြီး တခု ရေးထားတဲ့ အစီစဉ် အတိုင်းထည့်တာပါ။ ကြက်သွန်နီထည့်၊ ပြီးတော့ ဆီထည့်တာတွေကလဲ ဆူနေတဲ့ ရေထဲမှာပါပဲ။ ရေလဲခမ်း၊ ဝက်သားလည်းနူး၊ ဆီလည်းပြန် …. တခါတည်း ဟင်းအကျက်ပါပဲ။ နည်းနည်း မွှေပေးဘို့တော့ လိုတာပေါ့။ သီးသန့် ဆီမသတ်ပါဘူး။
    ကျေးဇူးပါတယ်။

    မချို

    ReplyDelete
  14. ကျေးဇူး အထူးတင်ပါတယ် အစ်မချို
    မအားတဲ့ကြားက ရတဲ့အချိန်ကိုမနား
    အပတ်တကုတ် ရေးသားရင်းနဲ့ ကြိုးစား
    မျှဝေမှုလေးတွေကို လေးစားစွာဖြင့်
    အားပေး ရင်း ခံစား လျက်ပါ ... ။
    ရှိုင်း

    ReplyDelete
  15. ၀ိတ်ချဘို့က နောက်အစီစဉ် ...။

    ReplyDelete
  16. တားနဲ့ တော့အဆင်ပြေတယ်.....မြန်လည်းမြန်...ကောင်းလဲကောင်း..ဟဟဟ ရှလွတ်...တေ၇တောင်ကျလာပြီ

    ReplyDelete
  17. မမရေ...အခုမှလညကြညွ့ဖူးတာ..တော်တေိာမိုက်တာပဲ...

    ReplyDelete
  18. ကျေးဇူးတင်ပါတယ်မမ

    ReplyDelete